Top

Thursday, August 5, 2010

CRC တွင် UE error code ပြ၍ Remote Controller တွင် U4 ပြခြင်း။

ဒီနေ့ကျွန်တော့ Building မှာ Air Con break down ဖြစ်ပါတယ်။ CRC မှာ Operation lamp မီးနီလေးနဲ့ အမည်းရောင်
လေးထောင့် တုံးလေး( on / off နဲ့ group no ကို display လုပ်တာပါ ) တွေအားလုံး blinking ဖြစ်နေပါတယ်။ Error Code က CRC မှာ UE လို့ ပြပြီးတော့ FCU က Remote Controller မှာတော့ U4 လို့ပြပါတယ်။

ကျွန်တော် CU ရဲ့ Main DB ကိုသွားစစ်ကြည့်လိုက်တော့ MCCB trip ဖြစ်နေပါတယ်။ ဒါနဲ့ ကျွန်တော် MCCB ကို reset လုပ်လိုက်ပါတယ်။ ၁၀ မိနစ်ခန့်မှာ blinking ပြနေတာတွေ ပျောက်သွားပြီးတော့အားလုံး ပုံမှန် အနေအထားကိုပြန်ရောက်သွားပါပြီ။ Compressor တွေလည်း ပြန်လည်နေပါပြီ။

အပြစ်ကတော့ MCCB ကောင်းကောင်း အလုပ်မလုပ်တော့တာပါ။ ဒါကြောင့် RCCB နဲ့ MCB တွေ ဘာမှမဖြစ်ဘဲ Main breaker trip ဖြစ်ရခြင်းဖြစ်ပါတယ်။

Brand : Daikin VRV
CU Model : RSX 10 KY1
FCU Model : FXYS 100 KAVE, FXYS 125 KAVE

UE - FCU နဲ့ CRC ကို ဆက်သွယ်ပေးထားသော ကြိုးများအဆက်အသွယ် မရှိတော့သောကြောင့်ဖြစ်ပါသည်။
U4 - FCU နဲ့ CU (သို့ ) CU နဲ့ BS ကြားတွင် အဆက်အသွယ်မရှိတော့သော ကြောင့်ဖြစ်ပါသည်။
MCCB - Molded Case Circuit Breaker
MCB - Miniature Circuit Breaker
RCCB - Residual Current Circuit Breaker

1 comment:

  1. Cannot read your post. Besides English alphabets, the rest are small squares.

    ReplyDelete