Top

Sunday, August 8, 2010

F 3 Error Code အကြောင်းလေးပါ။

ဒီ F 3 Error Code ကတော့ ဖြစ်တာနည်းပါတယ်။ Discharge pipe ရဲ့ အပူချိန် ပုံမှန်မဟုတ်တာလို့ ညွှန်းဆိုထားပါတယ်။ ဖြစ်နိုင်ခြေ အချက် ၃ ချက်ရှိပါတယ်။

၁။ Discharge Pipe ရဲ့အပူချိန်က ၁၂၀ ဒီဂရီ စင်တီဂရိတ် ထက်များနေမယ်ဆိုရင် Gas များနေလို့ပါ။ လျှော့ပေးပါ။
၂။ Discharge Pipe ရဲ့thermistor မကောင်းတော့တာပါ။
၃။ နောက်ဆုံးတခုကတော့ Outdoor CU က Control PCB မကောင်းတော့တာပါ။

ကျွန်တော့် အတွေ့အကြုံအရဆိုရင်တော့ Outdoor CU က Thermistor ကိုလဲလိုက်တာပါဘဲ။ ကျွန်တော့ရဲ့ CU မှာက Compressor ၂ လုံး ပါတဲ့အတွက် ၂ ခုလုံးကိုလဲပါတယ်။ Control PCB ကဒ် ရဲ့ ညာဘက် အလယ်နားလောက်မှာရှိပါတယ်။ R3-1T နဲ့ R3-2T ပါ။ ဒါဆိုရင်ကောင်းသွားပါပြီ။
ဘာမှမလုပ်ခင် Power Supply ကိုပိတ်ထားဖို့တော့လိုမှာနော်။

No comments:

Post a Comment