Top

Monday, August 2, 2010

မိတ်ဆက်

Blog က စ မဲ့သာ စလိုက်တာ တကယ်တမ်း ၀င်ကြည့်တဲ့ မိတ်ဆွေများက ဘာအကြောင်းရေးမှာလည်း သိမှာမဟုတ်သေးဘူး။ အဲဒါကြောင့် ပထမဆုံး ဒီ blog မှာ ဘာတွေရေးမှာလဲ ဆိုတာ အကြမ်းဖျင်းလောက် ပြောပြထားချင်ပါတယ်။ဒါမှလည်း လာကြည့်တဲ့မိတ်ဆွေများ နဲ့ကိုက်ညီမယ်ဆိုရင် ဆက်လက်အားပေးလို့ ရမှာပါ။

ဒီ blog ကလေးက M&E လို့ခေါ်တဲ့ Mechanical and Electrical Engineering ပိုင်းဆိုင်ရာများကို တတ်သိသလောက် ရေးသားသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် Air-conditioning နဲ့ ပတ်သက်တာလေးတွေလည်း ထည့်သွင်းရေးသားသွားမှာ ဖြစ်ပါတယ်။

အဓိကရည်ရွယ်တာကတော့ ကျောင်းဆင်းကာစ ညီငယ်ညီမငယ်များနဲ့ ဒီနည်းပညာများကို စတင်လေ့လာမဲ့ မိတ်ဆွေများ အတွက် ရည်ရွယ်ပါတယ်။

ဒီလိုရေးတဲ့ အခါမှာလည်း ကျွန်တော်တို့ လက်လှမ်းမှီသလောက် ကလေးကိုပဲ ဝေမျှသွားမှာ ဖြစ်တဲ့အတွက် မိမိထက် တော်ပြီးတတ်ပြီးသား မိတ်ဆွေများ အတွက် ပျင်းစရာများ ဖြစ်ခဲ့ရင် ကြိုတင်တောင်းပန်လိုပါတယ်။

နောက်တစ်ခုက blog နည်းပညာပိုင်းဆိုင်ရာနဲ့ စာလုံးပေါင်း မှားယွင်းမှု၊ မပြည့်စုံမှုတွေ လည်း အများကြီးရှိနိုင် ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က အဲဒီဘက်မှာ အားအလွန်နည်းပါတယ်။

နောက်ဆုံးအနေနဲ့တောင်းပန်လိုတာက ကျွန်တော်တို့ဟာ လက်ရှိ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့သူများ ဖြစ်တဲ့အတွက် (ကြွားတာမဟုတ်ပါ။ လိုအပ်လို့ပါ) ဒီ blog က post တော်တော်များများနဲ့ reference များဟာ ဒီနိုင်ငံကို အခြေခံပါလိမ့်မယ်။ ဒါပေမဲ့ အမိမြန်မာနိုင်ငံ နဲ့ တစ်ခြားနိုင်ငံများ နှင့် သက်ဆိုင်ရာများလည်း အလျင်းသင့် သလို ရေးသွားမှာ ဖြစ်ပါတယ်။

အခုလို အစပျိုးတဲ့ အချိန်အခါအတွင်းမှာ အဆင်မပြေမှုများ တွေ့ခဲ့ပါက ကျွန်တော်တို့ရဲ့ တာဝန်လုံးလုံးသာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒီ blog လေးမှာ အားလုံးသိပြီးသား ဖြစ်တဲ့ cbox လေးလည်း ဖွင့်ထားပေးပါတယ်။ မိတ်ဆွေများသိလိုတာများ ကို မေးသွားနိုင်ပါတယ်။ အကြံပြုချက်များကိုလည်း လေးစားစွာနဲ့ ကြိုဆိုလက်ခံပါတယ် လို့ဆိုပါရစေ။

အားလုံးကိုကျေးဇူးတင်ပါတယ်။

No comments:

Post a Comment