Top

Sunday, March 20, 2011

Code of Practice for ACMV System

Blog နဲ့ အဆက်အသွယ် ပြတ်သွားတဲ့ အတွက် စိတ်မကောင်းပါဘူး။ စိတ်ထဲမှာ ရှိပေမဲ့ ဘယ်လိုမှ မရေးဖြစ်ဘူး ဖြစ်နေတာ။ ရှေ့ဆက်ပြီး ကြိုး စားသွားပါ့မယ်။

ACMV အတွက် အသုံးတည့်တဲ့ Singapore Standard Code of Practice တွေပါ။

တစ်ခုက Code of Practice for Air-conditioning and Mechanical Ventilation in Buildings ပါ။

ဒီမှာ ယူနိုင်ပါတယ်။

နောက်တစ်ခု က Code of Practice for Indoor Air Quality for Air-conditioned Buildings ပါ။

ဒီမှာ ယူနိုင်ပါတယ်။

Tuesday, August 31, 2010

Direct On Line Starter

Post တွေ ရေးမယ်၊ ရေးမယ် နဲ့ စီစဉ်လာလိုက်တာ တော်တော့်ကို ကြာသွားတယ်။ ပြဿနာက ဒီလိုဗျ။ ပထမ အချက်က ဘယ်အကြောင်းကနေ ဘယ်လိုစရေးရမလဲမသိဘူး ဖြစ်နေတာ။ အစဆိုတော့ နည်းနည်းလန့်နေတာလဲ ပါတာပေါ့။ ရေးစရာက အများကြီးဖြစ်နေပြီးတော့ အကုန်လုံးက ချည်ခင်လိုရှုပ်ထွေးနေတော့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတာ။

နောက်တစ်ခုက တော်တော်အဖြစ်ဆိုးတယ်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာလို့ပြောရမလား မသိဘူး။ ဒီနိုင်ငံမှာ ရောက်နေတာတောင်ဗျာ internet connection ကတော်တော်ဆိုးနေတယ်။ စိတ်ပါတဲ့ အချိန်သုံးမရတာနဲ့။ သုံးရတဲ့ အချိန် အိပ်ချင်တာနဲ့ ပဲ လည်နေတော့တာ။ လာဖတ်ဖြစ်တဲ့ မိတ်ဆွေများကို အလွန်ပဲအားနာပါတယ်။

အခုတော့ မထူးတော့ဘူးဆိုပြီးတော့ Starter တွေအကြောင်းရေးမယ် စိတ်ကူးတယ်။ ကို Michael ရဲ့ အကြံပေးမှုကြောင့် အစပျိုးမိပါပြီ။

Starter ဆိုလို့ တစ်ခြားဟာတွေနဲ့တော့ မရောသွားစေချင်ဘူး။ ကျွန်တော်ရေးမဲ့ starter က motor တွေကို နှိုး (မောင်း)မဲ့ starter ပါ။

အစက စပြောရရင်တော့ အားလုံးသိပြီးတဲ့ အတိုင်း motor ဟာ electrical energy ကနေ mechanical energy ကို ပြောင်းပေးတဲ့ ပစ္စည်းပါ။ ကျွန်တော်တို့ motor တွေကို နေရာတော်တော် များများမှာ ပုံစံအရွယ်အစား အမျိုးမျိုးနဲ့ တွေ့ဖူးကြပါတယ်။ ကလေးကစားစရာတွေမှာ၊ စားပွဲတင်ပန်ကာတွေ၊ မတ်တပ်ပန်ကာတွေ ပေါ့။ အဲဒီဟာတွေကတော့ ကျွန်တော်တို့ ဓတ်ခဲထည့် ဒါမှမဟုတ် ပလပ်တပ် ခလုပ်ဖွင့် လိုက်ရင် မောင်းလို့ရပြီဗျ။ တစ်နည်းအားဖြင့်ဆိုရင် လည်ပြီပေါ့။ အလုပ်လုပ်ပြီပေါ့။

အဲဒီလိုသေးသေးလေး မဟုတ်ပဲနဲ့ အကောင်ကြီး တဲ့ motor တွေဆိုရင် ဒီအတိုင်းမောင်းလို့ အဆင်မပြေတော့ဘူး။ အထူးသဖြင့် three phase motor တွေဆိုရင် ပိုဆိုးတာပေါ့။

အဲဒီတော့ ကျွန်တော်တို့က motor starter တွေကို သုံးရတယ်။ ကဲလေရှည်နေတာ တော်တော်များသွားပြီဗျာ။ လိုရင်းလေးသွားရအောင်။

Direct On Line Starter (DOL starter)

Direct on line starter (DOL starter) တဲ့ဗျာ။ သူ့နာမည်အတိုင်းပဲ အရမ်းကိုရိုးရှင်းပါတယ်။ line မှာ တိုက်ရိုက်ဆက်တာပါ။ ပထမတော့ ဒီ starter ကိုမရေးတော့ဘူး လို့ စဉ်းစားထားတာ။ အပေါ်ကစာတွေရေးနေရင်းနဲ့ ရေးသင့်တယ်လို့ ထင်လာလို့ ထည့်ရေးလိုက်ပါတယ်။ သိပြီးသူများအတွက် sorry ပါ။ ဒီ starter က အရမ်းရိုးရှင်းပေမယ့် အရမ်းအခြေခံကျပါတယ်။ ဒီ starter ကိုမပိုင်ထားရင် ဘယ် starter မှ ဆက်မကြည့်နဲ့တော့လို့ တောင်ဆိုချင်ပါတယ်။

နောက်ပိုင်း ရေးမဲ့ starter တွေအတွက် သူက အလွန်အရေးပါ ပါတယ်။ သိပ်အကြယ်တ၀င့်တော့ မရေးတော့ပါဘူး။ ဒါတွေက ကျောင်းတွေ၊ သင်တန်းတွေမှာ မဖြစ်မနေသင်ပေးပါတယ်။ ကျွန်တော်က မရေးမဖြစ်လို့ ရေးရတာပါ။

ဒီ starter မှာ ပိတ်ဖို့ နဲ့ ဖွင့်ဖို့ အတွက် ခလုတ်နှစ်ခု ပါပါတယ်။ ပြီးတော့ motor ကို Line နဲ့ အဆက်အသွယ်လုပ်ပေးမဲ့ magnetic contactor တစ်ခုပါတယ်။ Motor overload ဖြစ်ခဲ့ရင် ကာကွယ်ပေးဖို့ overload relay တစ်ခုပါတယ်။ ကျန်တာတွေကတော့ ချဲ့ရင်ချဲ့သလိုပေါ့ဗျာ။ ဒီလောက်ဆိုရင်တော့ အကြမ်းဖျင်းမောင်းလို့တော့ရပြီဗျ။

အပိတ်၊ အဖွင့်ခလုပ်က သိပ်ပြဿနာ မဟုတ်ပေမဲ့ magnetic contactor နဲ့ overload relay ကတော့ အသုံးပြုမဲ့ motor ရဲ့ capacity နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ လိုပါတယ်။

ကြုံတုန်းလေး ပြောရအုံးမယ်။ motor current က starting မှာ full load current ထက် (၆)ဆလောက်ပိုဆွဲတယ်။ တစ်ခါတစ်လေ (၁၂)ဆလောက်အထိတောင် ဖြစ်နိုင်တယ်။ အဲဒီတော့ DOL starter သုံးရင် အဲဒါတွေကို ထည့်စဉ်းစားရမယ်။ အားလုံးတွေ့ဖူးကြမှာပါ- အိမ်မှာရေစက်ဖွင့်လိုက်ရင် မီးတွေမှိန်ကျသွားတာတို့၊ TV ပိတ်သွားတာတို့လေ။ အဲဒီလို မဖြစ်ချင်ရင် တစ်ခြားstarter တွေကိုစဉ်းစားသင့်တယ်။ ဒါပေမဲ့ ကုန်ကျစရိတ်ကလည်း မသေးဘူးဗျို့။

လက်စနဲ့ DOL လေးပဲဆက်သွားရအောင်။

အားလုံးပြည့်စုံပြီဆိုရင် main circuit ကို ပုံ (a) အတိုင်းဆက်ပြီးတော့ control circuit ကို ပုံ (b) အတိုင်းဆက်လိုက်ရင် ရပါပြီ။

အလုပ်လုပ်ပုံ

ပုံမှာ F1 က Main Circuit Fuse ပါ။ ဒီနေရာမှာ Circuit Breaker အသုံးပြုလည်းရပါတယ်။ နောက်ပိုင်း Circuit Breaker သုံးကြတာများ ပါတယ်။ K1 က magnetic contactor ပါ။ K1 ပြထားတဲ့ contact တွေက magnetic contactor ရဲ့ contact တွေပါ။ F2 က overload relay ပါ။ များသောအားဖြင့် Thermal overload relay သုံးကြပါတယ်။ F2 ရဲ့ NC (normally close) contact ကို control circuit မှာ series ဆက်ထားပါတယ်။ overload အလုပ်လုပ်တာနဲ့ တစ်ပြိုင်နက် control circuit တစ်ခုလုံးကို open လုပ်ချင်လို့ပါ။ ဒါမှလည်း motor ရပ်သွားမှာပေါ့။ S0 က stop button ဖြစ်ပြီးတော့ normally close ဖြစ်ပါတယ်။ S1 ကတော့ start button ဖြစ်ပြီး၊ normally open ဖြစ်ပါတယ်။ K1 contact က S1 နဲ့ အပြိုင်ဆက်ထားတာ သတိထားမိမှာပါ။ ဘာလို့လဲဆိုတော့ motor စ run တဲ့ အချိန်မှာ S1 ကိုနှိပ်မယ်၊ ဒီအချိန်မှာ F2 ကော၊ S0 ကော က normally close ဖြစ်တဲ့ အတွက် K1 magnetic contactor energize ဖြစ် (ကပ်)မယ်။ S1 ကိုနှိပ်ပြီးရင် လက်ကပြန်လွှတ်မှာပါ။ ဒီအချိန်မှာ motor ကရပ်မသွားပဲ ဆက်လည်နေမယ်။ ဘာလို့လည်းဆိုတော့ K1 contact ကြောင့်ပဲ။ အဲဒီ contact ဟာအမြဲတမ်း normally open ကိုသုံးပါတယ်။ နာမည်ကတော့ အမျိုးမျိုးခေါ်ကြတယ်။ ဗဟုသုတအဖြစ် သိနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ (သိသလောက်ပါ) Auxiliary Contact, Seal Contact, Latch Contact ။ အဓိကလုပ်ငန်းက start ခလုပ်ကို တောက်လျောက်နှိပ်ထားဖို့ မလိုအောင် သူက ဆက်လက်ထမ်းဆောင်ပေးတယ်။ ဘာကြောင့်ပဲ ရပ်ရပ် motor ရပ်သွားတဲ့ အချိန်မှာ သူက အလိုလို ကွာပြီးသား ဖြစ်နေပြီလေ။ အဲဒါကြောင့် မီးပျက်ပြီး ပြန်လာတဲ့ အချိန်တွေဆိုရင် ချက်ချင်းပြန်မလည်တော့ပါဘူး။ နောက်တစ်ခါ ပြန်မောင်းမှ ပြန်လည်မှာပါ။ ရပ်ချင်ရင်တော့ S0 ခလုပ်ကိုနှိပ်ရမှာပါ။ အဲဒီအခါ K1 ကိုစီးနေတဲ့ ပတ်လမ်းဟာ ပြတ်တောက်သွားပြီး K1 De-energize ဖြစ်ပြီး motor ရပ်သွားမှာပါ။ motor run နေတုံးမှာ တစ်ခုခုကြောင့် Overload ဖြစ်ခဲ့ ရင် overload relay က control circuit ပတ်လမ်းကို ဖြတ်ပြီး motor ကို ရပ်စေမှာပါ။

အဲဒီလို ဖြစ်ခဲ့ရင် motor ပြန်မောင်းလို့ မရတော့ပါဘူး။ တော်တော်များများ panel တွေမှာ overload ရဲ့ normally open contact ကိုသုံးပြီး၊ Trip pilot မီးလင်းအောင်လုပ်ထားပါတယ်။ အရေးကြီးရင် ကြီးသလို Buzzer တွေ alarm တွေနဲ့ တွဲရင်တွဲ၊ monitoring panel တွေနဲ့ ချိတ်ရင်ချိတ်လုပ်ကြပါတယ်။

Motor ပြန်မောင်းချင်ရင် reset လုပ်ရပါတယ်။ overload relay မှာ reset ဆိုတဲ့ button လေးပါပါတယ်။ နှိပ်ပြီး reset လုပ်ရတာပါ။ တစ်ခုသတိထားရမှာက thermal overload trip ဖြစ်ပြီဆိုကတည်းက သတ်မှတ် အပူချိန် တစ်နည်းအားဖြင့် current ထက်ကျော်လို့ဖြစ်တာပါ။ (ချွင်းချက်အနေနဲ့ ပြောရင် thermal overlaod ပျက်ပြီး trip ဖြစ်တာ တွေ့ဖူးပါတယ်) အဲဒီလို ပိုလာတဲ့ အပူချိန်က အတွင်းထဲက bi-metal ကိုကွေးပြီး အလုပ်လုပ်စေတာပါ။ အပူချိန်မကျသေးသရွေ့ ကွေးနေမှာဖြစ်တဲ့ အတွက် ချက်ချင်း reset လုပ်လျင် မရနိုင်ပါ။ စိတ်မပူပါနဲ့ ခဏ စောင့်ပြီးလုပ်ကြည့်ပါ။ ရပါလိမ့်မယ်။

တစ်ချို့ overlaod တွေမှာ auto reset နဲ့ manual reset ဆိုပြီးပါ ပါတယ်။ reset ပြန်လုပ်ဖို့ ခက်ခဲတဲ့ နေရာတွေမှာ overload တပ်ထားရင် auto မှာထားကြပါတယ်။ သူ့အလိုလို reset ဖြစ်ပါတယ်။ အချိန်တစ်ခုတော့စောင့်ရပါတယ်။

ဒီလောက်ဆိုရင် DOL အကြောင်းနားလည်ပြီလို့ ထင်ပါတယ်။ မရှင်းတာရှိလည်း မေးမြန်းနိုင်ပါတယ်။ တတ်သလောက် ပြန်ဖြေပေးသွားမှာ ဖြစ်ပါတယ်။







Monday, August 30, 2010

LG, Mitsubishi, Sanyo Error Code များ

Daikin Error Code တင်ပေးပြီးတော့ တစ်ခြား brand တွေအတွက် လည်း error code ဖတ်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒါကြောင့် တစ်ခြား brand တွေ အတွက် error code တွေကို လက်လှမ်းမီသလောက် တင်ပေးလိုက်ပါတယ်။

Electronic ပစ္စည်း တော်တော်များများ မှာ (အထူးသဖြင့် air con တွေမှာ) တစ်ခုခုဖြစ်ပြီ ဆိုရင် error code ပြပါတယ်။ အဲဒီ error code ကို ကြည့်ပြီး ဘာဖြစ်နေပြီဆိုတာ အတတ်ပြောနိုင်ပါတယ်။ ဒါမှမဟုတ် အနီးစပ်ဆုံးခန့်မှန်းနိုင်တယ်။

အဲဒါကြောင့် လိုအပ်မယ်ထင်ရင် အောက်မှာ ရယူနိုင်ပါတယ်။

LG အတွက် error code က ဒီမှာ ပါ။

Mitsubishi အတွက်က ဒီမှာ ပါ။

Sanyo အတွက်က ဒီမှာ ပါ။

အဆင်ပြေလိမ့်မယ်ထင်ပါတယ်။

ဝန်ခံချက်။ ။အထက်ပါ file များကို ကိုမြင့်သိန်းမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။

Monday, August 9, 2010

Simply Basic for Refrigeration System

General Knowledge

Pdf file များကို share ခြင်း

ပထမဆုံး စမ်းသပ်တဲ့အနေနဲ့ Daikin Error Code ကို PDF ဖိုင်နဲ့ share ပေးထားပါတယ်။ အဆင်ပြေတယ် ဆိုရင် ဆက်လက်ပြီး LG, Mitsubishi နဲ့ Sanyo Brand များရဲ့ Error Code များနဲ့ တခြား အသုံးဝင်မယ်လို့ထင်တဲ့ PDF ဖိုင်များကိုဆက် Share ပေးသွားမှာဖြစ်ပြီး ကျွန်တော့ထံမှာလည်း တိုက်ရိုက်တောင်းယူနိုင်
ပါတယ်။
E-mail account ကတော့ livingc208@gmail.com ဖြစ်ပါတယ်။ သူငယ်ချင်းတို့မှာ ရှိတဲ့ အချက်အလက် များကိုလည်း ဝေမျှချင်တယ်ဆိုရင် ဒီမေးလ်ကိုဘဲ ပေးပို့နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ပေးပို့တဲ့သူရဲ့ နာမည်ကိုလည်း အောက်မှာဖြည့်စွက် ပေးမှာဖြစ်ပါတယ်။

Sunday, August 8, 2010

ဖြစ်လေ့ဖြစ်ထရှိသော Error Code များ

Daikin Air Con မှာ တွေ့ရလေ့ရှိတဲ့ Error Code တွေထဲမှာ C 4 နဲ့ C 5 ပါဝင်ပါတယ်။ ဒါကတော့ FCU မှာရှိတဲ့ Thermistor တွေမကောင်းတော့ရင်ဖြစ်တတ်ပါတယ်။
C 4 ကတော့ liquid pipe thermistor မကောင်းတော့ ရင်ဖြစ်ပါတယ်။ C 5 ကတော့ Gas pipe thermistor မကောင်းတော့ ရင်ဖြစ်ပါတယ်။ PCB ကဒ်မှာ ပြထားတဲ့ location ကတော့ C 4 အတွက်ကတော့ R2Tဖြစ်ပြီးတော့ C 5 အတွက်ကတော့ R3T ဖြစ်ပါတယ်။
Indoor Unit ရဲ့ PCB ကဒ်ရဲ့ ဘယ်ဘက်ထောင့်နားမှာ Thermistor 3 ခုရှိပါတယ်။ ပထမတစ်ခုက Air thermistor အတွက်ဖြစ်ပါတယ်။ အလယ်ကတော့ liquid pipe thermistor ဖြစ်ပြီး socket ကအဖြူရောင်ပါ။ Error Code က C 4 ဖြစ်ပါတယ်။ ညာဘက်အစွန်ဆုံးကတော့ Gas pipe thermister အတွက်ဖြစ်ပြီး socket ကတော့ အဝါရောင်ဖြစ်ပါတယ်။
စင်ကာပူမှာ အလွယ်ကူဆုံး thermistor လဲနည်းကတော့ မကောင်းတော့တဲ့ thermistor ရဲ့ socket ကိုဖြုတ်ပြီးတော့ အသစ်ကိုတပ်လိုက်ပါ။ ပြီးရင်C 4 အတွက်က အပြင်ဘက်မှာရှိတဲ့ liquid ပိုက်မှာကပ်ထားပေးလိုက်ပါ။ ထို့အတူ C 5 အတွက်ကတော့ gas ပိုက်မှာကပ်ပေးလိုက်ရမှာပါ။